ကိုရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ်တွင် မြန်မာနိုင်ငံသား တစ်ဦး အိပ်ပျော်နေရင်း ကွယ်လွန်

0
245

တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီပြည်နယ်၊ ဆုဝါန်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦး နေအိမ်တွင် အိပ်ပျော်နေစဉ် ကွယ်လွန်သွားသည့် ဖြစ်စဉ်တစ်ခု ယနေ့ အောက်တိုဘာ (၁၃) ရက် နံနက် (၈) နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း ကိုရီးယားရောက် မြန်မာများကို ကူညီပေးနေသည့် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

ကွယ်လွန်သူ ကိုနိုင်ဝင်းထွန်း အသက်(၃၉) နှစ်သည် ဂယောင်ဂီပြည်နယ်၊ ဆုဝါန်မြို့ရှိ နေအိမ်တွင် အိပ်နေစဉ် ‌ေ သ-ဆုံးခဲ့ခြင်းဖြစ်ပြီး အခန်းဖော် သူငယ်ချင်းများက ၁၁၉ သို့ ဖုန်းဆက် အကူအညီတောင်းခဲ့ပြီး လက်ရှိတွင် ကိုရီးယား ရဲဝန်ထမ်းများက ကွယ်လွန်သူနှင့် ပတ်သက်၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ကိုနိုင်ဝင်းထွန်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ရွာတွင် နေထိုင်သူဖြစ်ပြီး ကိုရီးယားနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းလည်း သိရသည်။

၎င်းကွယ်လွန်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ စစ်ဆေးမှုပြီး၍ သင်္ဂြိုဟ်ခွင့်ပြုပါက နာရေးကိစ္စကို ထပ်မံ အသိပေးမည်ဖြစ်ကြောင်း ကိုရီးယားရောက် မြန်မာများကို ကူညီပေးနေသည့် လူမှုကူညီရေးအဖွဲ့များက ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here