ရှမ်းမြောက် သီပေါမြို့တွင် ဒုဌဝတီမြစ်ရေလျှံ၍ မြေနိမ့်ပိုင်းဒေသအချို့ ရေလွှမ်းကာ နေအိမ်အချို့ ရေနစ်မြုပ်မှု ဖြစ်ပွား

0
293

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒုဌဝတီမြစ်ရေလျှံ၍ မြေနိမ့်ပိုင်းဒေသအချို့ ရေလွှမ်းနေကာ နေအိမ်အချို့ ရေနစ်မြုပ်နေကြောင်း ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသည့် ပရဟိတအဖွဲ့များထံမှ သိရသည်။

ဒုဌဝတီမြစ်၏ မြစ်ဖျားခံရာ နမ္မတူမြစ်အထက်ပိုင်းချောင်း၊ မြောင်းငယ်များမှ စီးဆင်လာသည့်ရေများကြောင့် မြေနိမ့်ပိုင်းဒေသ အချို့တွင် ရေလွှမ်းနေကာ နေအိမ်အချို့ ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဒုဌဝတီမြစ်ရေကြီးမူဖြစ်စဉ်သည် မိုးတွင်းကာလတွင် မကြာခဏ ဖြစ်ပေါ်လျက်ရှိကာ  အချို့နှစ်များတွင် တံတားများပါ ပျက်စီးကာ ရေမျောသွားသော နှစ်လည်းရှိခဲ့ဖူးပြီး ယခုနှစ်တွင်လည်း စိုးရိမ်ရကြောင်း ဒေသခံတို့က ဆိုသည်။

အဆိုပါ ဒုဌဝတီမြစ်ရေလျှံမှုကြောင့် ရှမ်းမြောက် သီပေါမြို့ ဒုဌဝတီမြစ်ကမ်းနဘေးရှိ လူနေအိမ်များ ရွှေ့ပြောင်းနေရပြီး ကူညီကယ်ဆယ်‌ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကျောက်မဲမြို့နယ် မီးသတ်စခန်းမှ အရေးပေါ် မီးသတ်ယာဉ်များနှင့်မီးသတ်တပ်ဖွဲ့များ ယနေ့ အောက်တိုဘာ (၁၃) ရက် နံနက်ပိုင်းမှ စတင်ထွက်ခွာသွားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here