လှည်းကူး ဒရယ်ဖိုကျေးရွာရှိ ဆည်မြောင်းအတွင်း၌ အမျိုးသားတစ်ဦးရေန-စ်‌ေ သ-ဆုံး

0
302

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဒရယ်ဖိုကျေးရွာရှိ ဆည်မြောင်းအတွင်း၌ ယနေ့အောက်တိုဘာ (၁၃) ရက်က အမျိုးသားတစ်ဦး ရေန-စ်‌ေ သ-ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကရုဏာရှင် အခမဲ့နာရေးကူညီမှုအသင်းမှ သိရသည်။

ယနေ့ နေ့လယ် (၁) နာရီခန့်က လှည်းကူးမြို့နယ်၊ ဒရယ်ဖိုကျေးရွာရှိ ဆည်မြောင်းအတွင်း၌ မောင်ငြိမ်းထက်နိုင်(၁၅) နှစ်မှာ ရေန-စ်သွားခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များနှင့်ကျေးရွာနေသူများက ဝိုင်းဝန်းရှာဖွေခဲ့ကြရာ ‌ေ သ-ဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် ရုပ်အလောင်းအား ကရုဏာရှင် အခမဲ့နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူများ၏ လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်နိုင်ရန် လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ကရုဏာရှင်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here