မလေးရှားနိုင်ငံတွင် မြန်မာလုပ်သားတစ်ဦး ကွမ်းစားရင်း စကားပြောစဉ် လေပြွန်ပိတ်ကာ ‌ေ သ-ဆုံး

0
405

မလေးရှားနိုင်ငံတွင် မြန်မာလုပ်သား အမျိုးသားတစ်ဦး ကွမ်းစားရင်း စကားပြောနေစဉ် လေပြွန်ပိတ်ကာ ‌ေ သ-ဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာလူမှုကူညီရေး(မလေးရှား) အသင်းမှ သိရသည်။

မလေးရှားနိုင်ငံ၊ ကလန်းမြို့တွင် နေထိုင်သည့် ကိုမိုးဒီ(ခ) မောင်မောင်ထွန်း အသက်(၂၇)နှစ်မှာ အောက်တိုဘာ (၁၂) ရက်က အလုပ်မှအပြန် ကွမ်းယာစားပြီး သူငယ်ချင်းများနှင့် စကားပြောနေစဉ် လေပြွန်ပိတ်မှု ဖြစ်ပွားခဲ့သည့်အတွက် ကလန်းမြို့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ‌ေ သ-ဆုံးခဲ့ခြင်းဖြစ်ကြော င်း သိရသည်။

‌ေ သ-ဆုံးသူ ကိုမိုးဒီ(ခ)မောင်မောင်ထွန်းမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်တိုင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်းရုပ်အ-လောင်းကို အောက်တိုဘာ (၁၄)ရက် နေ့လည် (၂) နာရီတွင် မလေးရှားနိုင်ငံ ရှားလမ်းမြို့ရှိ Bliss Garden ချဲရပ်သုဿာန်၌ မီးသင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here