ကော့ကရိတ်မြို့တွင် နှစ်ဝက်စာမေးပွဲဖြေပြီးပြန်ထွက်လာသည့် ကျောင်းသား၊ကျောင်းသူများအနီး၌ Drop Bomb ပေါက်-ကွဲ ကျောင်းသူ ၁ ဦး‌ေ သ-ဆုံး ကျောင်းသူ ၃ ဦးပြင်းထန်ဒဏ်ရာရ

0
227

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင် အောက်တိုဘာ ၁၃ ရက် (ယနေ့) မွန်းလွဲပိုင်းက Drop Bomb ပေါက်-ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့မွန်းလွဲပိုင်းက KKO(ခွဲထွက်)နှင့် PDF အဖွဲ့ဝင်များမှ ကော့ကရိတ်မြို့၊အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အား Drone ယာဥ်များအသုံးပြုကာ Drop Bomb များဖြင့်ပစ်ချတိုက်ခိုက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် Drop Bomb များ သည် နှစ်ဝက်စာမေးပွဲဖြေဆိုပြီးပြန်ထွက်လာသည့် ကျောင်းသား၊ကျောင်းသူများအနီး၌ ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းသူ ၁ ဦးမှာ ဗုံးစထိမှန်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် ‌ေ သ-ဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောင်းသူ ၃ ဦးတွင်လည်း ဗုံစထိမှန်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများမှ ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here