ဓားစာခံများမလွှတ်‌ပေးလျှင် ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းမပေးဟုအစ္စရေးဆို

0
207

ဂျေရုဆလင်၊အောက်တိုဘာ ၁၂

ဂါဇာသို့ဓားစာခံအဖြစ်ဖမ်းခေါ်သွားခြင်းခံရသည့်ဓားစာခံများကို ပြန်မလွတ်မချင်း ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအတွက်ဝင်ရောက်မည့်လမ်းကြောင်းကို ဖွင့်ပေးမည်မဟုတ်ကြောင်း အစ္စရေးကပြောကြားခဲ့သည်။

ဟားမတ်စ်အဖွဲ့၏စတင်တိုက်ခိုက်မှုကြောင့် အစ္စရေးလူမျိုး ၁,၃၀၀ ခန့်သေဆုံးပြီး အရပ်သားအများအပြားထိခိုက်ဒဏ်ရာရရှိကာ အစ္စရေးနိုင်ငံသားများသာမက နိုင်ငံခြားသားများပါဓားစာခံအဖြစ်ခေါ်သွားခံခဲ့ရသည်။

အစ္စရေးဘက်မှလေကြောင်းဖြင့်ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုကြောင့်လည်း ဂါဇာဒေသခံပေါင်း ၁,၂၀၀ သေဆုံးပြီး ၅,၀၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဂါဇာအာဏာပိုင်များကထုတ်ပြန်ကြေငြာခဲ့သည်။

လက်ရှိအချိန်တွင် အစ္စရေး၏ဝိုင်းပတ်ပိတ်ဆို့ထားမှုကြောင့် ဂါဇာကမ်းမြောင်ဒေသ၌ အစားအစာနှင့်ရေပြတ်တောက်လျက်ရှိပြီး လျှပ်စစ်မီးပါမရသဖြင့် ဆေးရုံဆေးခန်းများတွင်အောက်ဆီဂျင်ပေးရမည့်လူနာများအတွက်အခက်အခဲဖြစ်နေသည်ဟုသိရသည်။

အစ္စရေးစွမ်းအင်ဝန်ကြီးကမူ “လူသားချင်းစာနာထောက်ထားမှုလို့ပြောရင် အပြစ်မရှိဘဲအဖမ်းခံထားရတဲ့ဓားစာခံတွေအတွက်လည်း လူသားချင်းစာနာထောက်ထားမှုလိုပါတယ်၊ဒါကြောင့် ဓားစာခံတွေမလွတ်မချင်း ဂါဇာအတွက် ဘာလူသားချင်းစာနာထောက်ထားမှုမှရဖို့မတွေးပါနဲ့” ဟူ၍ လူမှုကွန်ရက် X တွင် ပို့စ်တင်၍ ရေးသားခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here