ရွှေလီမြို့၌ ခေတ်မီစိုက်ပျိုးရေး နည်းပညာသင်တန်း တွင်စိုက်ပျိုးသီးနှံများ စိုက်ပျိုးရေးအပြင်အဖျက်ပိုးများကို ဇီဝနည်းဖြင့် ကြိုတင်ကာကွယ်ထိန်း ချုပ်ရေးနည်းပညာများပါဝင်

0
255

မြန်မာနိုင်ငံ ခေတ်မီစိုက်ပျိုးရေးနည်းပညာသင်တန်းကိုအောက်တိုဘာလ (၁၁) ရက်တွင် တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် ရွှေလီမြို့၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင် ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သင်တန်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံမှပညာရှင်များက “စိုက်ပျိုးရေးသိပ္ပံနည်းပညာ” နှင့် “ဆွေမျိုးပေါက် ဖော်သံယောဇဉ်” ဟူသော ခေါင်းစဉ်နှစ်ခုဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ မြန်မာနိုင်ငံဘက်မှ အစိုးရ အရာရှိ၊ စိုက်ပျိုးရေးသိပ္ပံမှာနည်းပညာဝန်ထမ်းများနှင့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ (၂၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ယူနန်-မြန်မာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ်ဖော်ဆောင်၍ “Belt and Road” နှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်ရေး ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ကြောင်း၊ ယခုအကြိမ်သင်တန်းသည် မြန်မာနိုင်ငံစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုပြီး စိုက်ပျိုးရေး ကုမ္ပဏီများက ခေတ်မီနည်းပညာဖြင့် မိမိအရည်အ ချင်းနှင့် နိုင်ငံတကာတွင် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ကို မြှင့်တင်ပေးမည့်အပြင် မြန်မာနိုင်ငံအတွက် ပိုများသည့်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ယခုတစ်ကြိမ် သင်တန်းတွင် တရုတ်နိုင်ငံဘက်မှ သင်ကြားမည့်ပညာရှင်များသည် ကော်ဖီ၊ လိမ္မော်သီး၊ ဆန်စပါး၊ ငှက် ပျောသီးနှင့် ပြောင်းဖူးစသည့် စိုက်ပျိုးသီးနှံများ စိုက်ပျိုး ရေး၊ အဖျက်ပိုးများကို ဇီဝနည်းဖြင့် ကြိုတင်ကာကွယ်ထိန်း ချုပ်ရေးနည်းပညာ စသည့်နယ်ပယ်များမှဖြစ်ပြီး စာတွေ့နှင့် လက်တွေ့လုပ်ဆောင်သော အတွေ့အကြုံရှိသူများဖြစ်ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

သင်တန်းကာလမှာ (၇)ရက်ဖြစ်ပြီး လက်တွေ့ကူးလူးဖလှယ် ဆွေးနွေးမှုပါဝင်ကာ အပူပိုင်းစီးပွားဖြစ် ထွက်ကုန်စိုက်ပျိုး ရေးအား လက်တွေ့သွားရောက် လေ့လာမှုများလည်း ပါဝင်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here