ကြံစိုက်ရာသီနီးလာသည့်အတွက် ကြံတစ်တန် ၁၂၀၀၀၀ ကျပ်အထိ တိုးမြှင့်ဝယ်ယူလာ

0
180

ပြည်တွင်း သကြားဈေး မြင့်တက်လာခြင်းကြောင့် လာမည့်ကြံရာသီတွင် ကြံတစ်တန် ငွေကျပ် တစ်သိန်းနှစ်သောင်းထိ တိုးမြင့်ဝယ်ယူမည်ဖြစ်ကြောင်း သကြားစက်ရုံများက ထုတ်ပြန်ထားသည်။

၂၀၂၃ -၂၀၂၄ ကြံစိုက်ပျိုးရာသီတွင် စက်တင်ဘာလအတွင်းက ကြံတစ်တန် ငွေကျပ် ၁၁၀၀၀၀ ကျပ်ဖြင့် ဝယ်ယူမည်ဟု ထုတ်ပြန်ထားရာမှ ယခု အောက်တိုဘာလ ကြံစိုက်ရာသီ ရောက်လာချိန်တွင် ကြံတစ်တန်ငွေကျပ် ၁၂၀၀၀၀ အထိ တိုးမြှင့် ဝယ်ယူမည်ဟု သကြားစက်ရုံများဘက်မှ အသိပေးလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကြံကို ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် မကွေးတိုင်း၌ အဓိက စိုက်ပျိုးကြပြီး တစ်နိုင်ငံလုံး ကြံစိုက်ဧက (၄) သိန်းခွဲ ဝန်းကျင်ရှိကာ နေရာဒေသအလိုက် သကြားစက်များ၏ ဝယ်ယူမှုဈေးနှုန်းသည် ကွာခြားမှုရှိကြောင်း သိရသည်။

သကြားစက်ရုံများအနေဖြင့် ပြီးခဲ့သည့် ကြံရာသီတွင် ကြံတစ်တန် ငွေကျပ် ၉၅၀၀၀ – ၁၀၀၀၀၀ ထိသာ အမြင့်ဆုံး ပေးဝယ်ယူခဲ့ပြီး ကြံစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်ကုန်ကျမှု မြင့်မားခြင့်ကြောင့် ကြံတစ်တန်လျှင် ၁၃၀၀၀၀ ကျပ် အထိရရှိမှသာ ကိုက်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here