ပြင်ဦးလွင်ခရိုင်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ် (၂၅/၅)နှင့် (၂၆/၅)ကြားတွင် ‌ရေကြီးရေလျှံမှုဖြစ်ပွား

0
193

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ် (၂၅/၅)နှင့် (၂၆/၅)ကြားတွင် ‌ရေကြီးရေလျှံမှုဖြစ်ပွားကြောင်းနှင့် ယာဉ်များ သွားလာမှု အဆင်ပြေစေရန် ရှင်းလင်းပေးခဲ့ရကြောင်း သိရသည်။

အောက်တိုဘာ (၁၃)ရက် မွန်းလွဲ (၂) နာရီအချိန်ခန့်က ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ် (၂၅/၅)နှင့် (၂၆/၅)ကြားတွင် ‌ရေကြီးရေလျှံမှုဖြစ်ပွားကြောင်းသတင်းအရ မတ္တရာမြို့နယ် မီးသတ်စခန်းမှ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

ထိုသို့ သွားရောက်ရာ မတ္တရာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ Mandalay Rescue လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များ၊ မတ္တရာလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ယာဉ်များသွားလာမှုအဆင်ပြေစေရန် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here