ကနီမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေစီးဆင်းတိုက်စားမှုကြောင့် နေအိမ်၊တံတားနှင့်လမ်းပျက်စီးမှုများဖြစ်

0
220

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်တွင် အောက်တိုဘာ ၁၂ ရက်ညပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်စီးဆင်းတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်နေအိမ်များအတွင်းနှင့်လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ချောင်းရေမြင့်တက်စီးဆင်းမှုကြောင့် ကနီမြို့၊အမှတ်(၁)ရပ်ကွက်တွင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၃)လုံးနှင့်သစ်သားတံတား(၁)စင်း၊တိရစ္ဆာန်များချောင်းရေစီးနှင့်အတူမျောပါ၍ နေအိမ်(၄)လုံးနှင့်ရေကျော်ကွန်ကရစ်လမ်း(၁)ခုတို့ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အမှတ်(၂)ရပ်ကွက်ရှိ နေအိမ်များအတွင်းသို့လည်း ရေများဝင်ရောက်လျက်ရှိပြီး အမှတ် (၃)ရပ်ကွက်တွင် နေအိမ်(၁)လုံး ရေစီးနှင့်အတူ မျောပါပျက်စီးကာ မြို့ဟောင်းလမ်းရှိတံတား(၁) စင်းနှင့်မြို့ဝင်မုခ်ဦးအနီးရှိ ကတ္တရာလမ်းမှာလည်းပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ချောင်းရေတိုက်စားမှုကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များနှင့်ရေဝင်ရောက်နေသည့် နေအိမ်များ၌နေထိုင်သူများအား လုံခြုံရေးအဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဘေးလွတ်ရာသို့ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here