ပရိသတ်တွေက လူကိုသိကြပေမယ့် နာမည်ကို သိပ်မသိကြ သေးဘူးလားလို့ ထင်မိတယ် ချမ်းမေမြတ်နိုး

0
444

chan-may-myat-noe-copy

 ရုပ်ရှင်လောကမှာ နာမည်တစ်လုံးကို အခိုင်အမာရပ်တည်ထားနိုင် လိုက်ပြီဖြစ်တဲ့ ချမ်းမေမြတ်နိုးဟာ အခုနောက်ပိုင်းမှာ ရိုက်ကူးေ ရးတွေ ဆက် တိုက်လုပ်ဖြစ်လာပြီး လာရောက်ကမ်းလှမ်းတဲ့ ဇာတ်ရုပ်တွေကိုလည်း ကျရာ ဇာတ်ရုပ်နေရာကနေ အကောင်းဆုံးဖြစ်ေ အာင် ကြိုးစားနေပါတယ် လို့ ဆိုပါတယ်။

“အခုဆိုရင် ညီမ ဗီဒီယို ဇာတ်ကားချည်းပဲ ၆ဝ ကျော်အထိ ရိုက်ကူး ခဲ့ပြီးပါပြီ။ ရုပ်ရှင်ဇာတ်ကားကတော့ ၆ ကားလောက် ရှိပြီ။ တစ် ကားပဲ ရုံတင်ရသေးတယ်။ ‘မဟာဆန်တဲ့မာယာ မျက်နှာဖုံး’ ရုပ်ရှင်တစ်ကား ပဲ ထွက်ရှိလာသေးတယ်။ နောက်ရုပ်ရှင်တွေက ‘အလွမ်း မိနစ် ခြောက်ဆယ်တစ်နာရီ နှစ်ဆယ့် လေးနာရီတစ်ချစ်’၊ ‘လူကောင်လေးရဲ့နတ်သမီ’၊ ‘လှတောသား ရဲ့မိချော’၊ ‘မိုး ပန်းပွင့်ရဲ့ သင်္ကေတ’ ၊ ‘အနန္တ’ ရုပ်ရှင်တွေ ရိုက် ကူးထား ပါတယ်။ ဒီလထဲမှာပဲ ‘ဆယ်လီ’ ဆိုတဲ့ ရုပ်ရှင် ဇာတ် ကားလည်း ရိုက်ကူးဖို့ရှိပါသေးတယ်။ ညီမရဲ့ အနုပညာ သက်တမ်း ၅ နှစ်ကို ကျော်လာပါပြီ။ ၂ဝ၁ဝ ခုနှစ်မှာ သရုပ်ဆောင် သင်တန်းဆင်းပါတယ်။ အဆက်အသွယ် မရှိတဲ့အတွက်   လျှောက်ရတဲ့ ခြေလှမ်းကိုတော့ ခပ်သွက် သွက်နဲ့ စိပ်စိပ်လေး လျှောက် လှမ်းနေရတော့ ခြေလှမ်း ကျဲကျဲနဲ့ တော့ မလျှောက်နိုင်သေး ဘူး။ ပြောရရင် လက်ရှိ ရပ်တည်နေ မှုအပေါ် အားရကျေနပ်မှု တော့ သိပ်မရှိသေးပေမယ့် ရုပ်ရှင်အ သိုင်းအဝိုင်း ဆိုတာတော့ ကိုယ့် ရဲ့မိသားစုလိုဖြစ်နေပါပြီ။ ဒါပေမဲ့ ပရိသတ်တွေကတော့ ကိုယ့်ကို နာမည်နဲ့လူနဲ့တွဲ သိတယ်ဆိုတာ ရှားနေသေးတယ်လို့ ထင်ပါ တယ်။ လူကိုသိကြပေမယ့် နာမည်ကို သိပ်မသိကြသေး ဘူးလားလို့ ထင်မိတယ်။ အဲဒါကြောင့် သိပ်အား မရသေးတာ။ ဆက် ပြီးတော့ ကြိုးစား နေဦးမှာဖြစ်ပါ တယ်” လို့ ချမ်းမေ မြတ်နိုးက ပြောပါ တယ်။

ချမ်းမေမြတ်နိုးက နိုဝင် ဘာလကုန်မှာတော့ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးတင်ဆက်မယ့် ‘တစ္ဆေပျောက်ကြော်ငြာ’ ဇာတ်လမ်း တွဲမှာလည်း ပါဝင် ရိုက်ကူးဖို့ရှိပါ သေးတယ် လို့ ဆိုခဲ့ပါတယ်။

ထက်လူ၊
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here