ပြင်ဦးလွင်တွင် Hijet ကားမှ ဆိုင်ကယ်ကို ဝင်တိုက်ပြီးမောင်းပြေး၊ ဆိုင်ကယ်မောင်းသူဒဏ်ရာရ

0
184

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ ကညန ရုံးအနီးတွင် အောက်တိုဘာ (၁၃)ရက် ညပိုင်းက Hijet ကားမှ ဆိုင်ကယ်တစ်စီးအား ဝင်တိုက်မိပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

“ပတ်ဝန်းကျင်ကို စုံစမ်းကြည့်တော့ Hijet ကားက တိုက်ပြီးမောင်းပြေးသွားတာလို့ သိရတယ်။ ဆိုင်ကယ်မောင်းတဲ့လူ ဒဏ်ရာရသွားတယ်။ မစိုးရိမ်ရပါဘူး”ဟု လူမှုကူညီရေးအ သင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်မောင်းသူအား သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းနေ့ည၌ပင် ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး(၂)ရှိ မန္တလေး – လားရှိုး ကားလမ်း၏ ညံတော (၁၇)လမ်းထိပ်တွင် ဆိုင်ကယ်ချင်းတိုက်မိ၍ ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်၍ ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

Photo-သန္တိသုခအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here