အောက်တိုဘာ (၁၉)ရက်မှစတင်ကာ ရန်ကုန် – ပဲခူးယာဉ်လိုင်းများ လမ်းကြောင်းပြောင်းမည်   

0
291

လာမည့် အောက်တိုဘာ (၁၉) ရက်မှစတင်ကာ ရန်ကုန်-ပဲခူး ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများကို ယာဉ်လမ်းကြောင်း ပြောင်းလဲပြေးဆွဲရန် သတ်မှတ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီး ကြပ်မှု ကော်မတီ (YRTC) ထံ မှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ယာကပ်မောင်းစနစ်ကို ကျင့်သုံးခြင်းဖြစ်သည့်အတွက် ခရီးသည်အတက်အဆင်းတံခါးပေါက်သည်ညာဘက်၌ပင်ရှိရမည် ဖြစ်သည့် အတွက် ခရီးသည်များ အန္တရာယ် ကင်းရှင်းစေရန် ယခုကဲ့သို့
ဆောင် ရွက်ခြင်းဖြစ်ကြောင်း YRTC တွဲဖက်အတွင်းရေးမှူး
ဦးလျန်ကျင့်မန်က ပြောသည်။

ပြောင်းလဲပြေးဆွဲမည့် ယာဉ်လမ်းကြောင်းများမှာ ရန်ကုန်-ပဲခူး ခရီးသည်တင်ပြေးဆွဲနေသည့် မီနီဘတ်စ်ယာဉ်များအား လမ်းကြောင်း (၁) အနေဖြင့် ပဲခူး – ရန်ကုန် ခရီးစဉ်ကို ပြည်လမ်း၊ ခရေပင်လမ်း၊ တညင်းကုန်းဘူတာရုံလမ်း၊ ရွှေပြည်သာတံတားမှတဆင့် အနော်ရထာလမ်း၊ ရန်ကုန်-ပုသိမ်လမ်းအတိုင်း ဒဂုံဧရာအဝေးပြေးဝင်းအထိဖြစ်ကြောင်း သိရသည်။

ထို့အပြင် လမ်းကြောင်း (၂) အဖြစ် ပဲခူး – ရန်ကုန်လမ်းအတိုင်း ထောက်ကြန့်၊ ပြည်လမ်း၊ ခရေပင်လမ်းဆုံမှတဆင့် တညင်းကုန်းလမ်းဆုံ၊ မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်လမ်း၊ ပေါက်တောဝ၊ အောင်ဇေယျ တံတားကတစ်ဆင့် ရန်ကုန် – ညောင်တုန်းလမ်းအတိုင်း ဒဂုံဧရာအဝေးပြေးဝင်းအထိ ပြေးဆွဲရမည်ဖြစ်‌ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here