အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ဖြစ်နိုင်ချေ တိုးမြင့်လာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများက သတိပေးခဲ့ဟုဆို

0
256

အောက်တိုဘာ ၇ ရက် အစ္စရေးနိုင်ငံကို ဟားမတ်စ်တို့တိုက်ခိုက်မှု မတိုင်မီကတည်းကပင်လျှင် မကြာမီရက်များအတွင်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ဖြစ်နိုင်ချေ တိုးမြင့်လာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများက သတိပေးခဲ့သည်ဟု သတင်းရင်းမြစ်များကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြထားသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းသည် အစ္စရေးနိုင်ငံတွင်းမှ ပံ့ပိုးပေးသော ထောက်လှမ်းရေးအချက်အလက်များအပေါ် အခြေခံ၍ အကဲဖြတ်မှု နှစ်ခုကို အနည်းဆုံး ပြုလုပ်ခဲ့သည်။

“ဟားမတ်စ်အဖွဲ့ဟာ နယ်စပ်ကို ဖြတ်ကျော် ဒုံးကျည်နဲ့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်ဖို့ အသင့်ရှိကြောင်း စက်တင်ဘာ ၂၈ ရက် ကတည်းက သတိပေးခဲ့ပါတယ်။ CIA ရဲ့ အောက်တိုဘာ ၅ ရက်နေ့ထုတ် ကြေးနန်းတစ်စောင်မှာတော့ ဟားမတ်စ်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ခြေ ပိုများလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ တိုက်ခိုက်မှု မတိုင်မီ တစ်ရက်အလိုဖြစ်တဲ့ အောက်တိုဘာ ၆ ရက်မှာတော့၊ ဟားမတ်စ်အဖွဲ့ရဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုကို ဖော်ပြတဲ့ အစ္စရေးနိုင်ငံမှ သတင်းပေးပို့ချက်ကို အမေရိကန် တာဝန်ရှိသူတွေက ဖြန့်ဝေခဲ့ပြီး ဟားမတ်စ်တွေ တိုက်ခိုက်ကြတော့မယ်ဆိုတာ အခုအခါ ရှင်းရှင်းလင်းလင်း သိသာထင်ရှားတဲ့ အရိပ်အယောင်တွေ ရှိလာပြီလို့ သုံးသပ်ခဲ့ကြပါတယ်”ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း သတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါ အကဲဖြတ်မှုများသည် ဟားမတ်စ်စစ်ဆင်ရေး၏ “လွှမ်းခြုံသော အတိုင်းအတာနှင့် ပြင်းထန်သောမှု” ကိုမူ မဖော်ပြနိုင်ခဲ့ပေ။

“ပြဿနာကတော့ ဒါက အသစ်မဟုတ်ဘူး” ဟု CNN သတင်းရင်းမြစ်တစ်ခုမှ ကိုးကားဖော်ပြခဲ့သည်။ “ဒါဟာ ဟားမတ်စ်နဲ့ အစ္စရေးတို့ရဲ့ သမိုင်းကြောင်းအရ ဖြစ်ခဲ့တဲ့ စံနှုန်းတစ်ခုပါ။ ဖြစ်ပျက်ခဲ့တာကို လူတိုင်းက မြင်ပြီး ‘ဟုတ်ပါတယ်။ ဒါပေမယ့် ဒါက ဖြစ်နေကျပဲဆိုတာ ငါတို့သိတယ်” ဟု သတင်းရင်းမြစ်က ဆိုကြောင်း သိရသည်။

ဟားမတ်စ်တို့သည် အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြှောင်မှနေ၍ အစ္စရေးပိုင်နက်သို့ ထိုးဖောက်တိုက်ခိုက်ဝင်ရောက်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ပြန်လည်မြင့်တက်လာခဲ့သည်။ ဂျေရုဆလင်မှ ဝတ်ကျောင်းတော်တောင်ပေါ်ရှိ Al-Aqsa ဗလီတွင် အစ္စရေးအာဏာပိုင်များ၏ လုပ်ရပ်ကို တုံ့ပြန်ခြင်းအဖြစ် ဟားမတ်စ်တို့ကဆိုသည်။ အစ္စရေးက ဂါဇာကမ်းမြောင်ကို လုံးဝပိတ်ဆို့ထားကြောင်း ကြေညာပြီး ပါလက်စတိုင်းနယ်မြေအပြင် လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာများတွင်လည်း တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့သည်။ အနောက်ဘက်ကမ်းခြေတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေလျှက်ရှိသည်။ ယခုနောက်ဆုံးသိရသော အချက်အလက်များအရ ပါလက်စတိုင်း ၁,၉၀၀ ကျော်‌ေ သ ဆုံးပြီး ၇,၇၀၀ ခန့် ဒဏ်ရာရကာ၊ အစ္စရေးဖက်မှ ‌ေ သ ဆုံးသူ ၁,၅၀၀ ခန့်ရှိပြီး လူ ၄,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here