၂၀၂၃ ခုနှစ်အတွက် ဒေါက်တာ အဗ္ဗဒူကာလန် နိုင်ငံတကာဆုအား စာရေးဆရာဟိန်းလတ်ရရှိ

0
240

အိန္ဒိယသမ္မတ၏ ဒေါက်တာအဗ္ဗဒူကာလန်ဖောင်ဒေးရှင်းမှချီးမြှင့်သည့် ၂ဝ၂၃ ခုနှစ် ဒေါက်တာ အဗ္ဗဒူကာလန် နိုင်ငံတကာဆုအား မြန်မာနိုင်ငံမှ စာရေးဆရာဟိန်းလတ်ရရှိခဲ့သည်။

အဆိုပါ ဆုအား အောက်တိုဘာ ၁၅ ရက်တွင် အိန္ဒိယနိုင်ငံ၊ကိုးလ်ကတ္တားမြို့၌ ချီးမြင့်မည်ဖြစ်ရာ စာရေးဆရာဟိန်းလတ်မှ လက်ခံရယူရန် အောက်တိုဘာ ၁၄ ရက်(ယနေ့)တွင် အိန္ဒိယနိုင်ငံသို့ သွား ရောက်မည်ဖြစ်သည်။

စာပေနှင့်စာနယ်ဇင်းလောကမှထူးချွန်သူများကို ချီးမြှင့်သည့် ဒေါက်တာ အဗ္ဗဒူကာလန် နိုင်ငံတကာဆုချီးမြှင့်ပေးအပ်ပွဲသို့ အိန္ဒိယနိုင်ငံ၏ ဒု-သမ္မတနှင့်ဝန်ကြီးများတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်၊ဗြိတိန်၊နယ်သာလန်၊မြန်မာ၊ဘူတန်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ဂျာမနီ၊ထိုင်း၊နီပေါ၊ကာတာ၊ဩစတြေးလျ၊ဂျပန်၊ယူအေအီး၊စင်ကာပူ၊မလေးရှားနိုင်ငံတို့ရှိ စာပေနှင့်စာနယ်ဇင်းလောကမှထူးချွန်သူများကို ဆုချီးမြှင့်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here