ဟားမတ်စ်တိုက်ခိုက်မှုအတွက် အစ္စရေးအစိုးရကိုနိုင်ငံသားများရှုံ့ချ၊ဝန်ကြီးချုပ်အားနှုတ်ထွက်ပေးရန်တောင်းဆို

0
276

ဂျေရုဆလင်၊အောက်တိုဘာ ၁၃

အစ္စရေးနိုင်ငံသား ၅၆ ရာခိုင်နှုန်းခန့်သည် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမတ်စ်နှင့် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခအပြီးတွင် ဝန်ကြီးချုပ်နေတန်ယာဟုသည် နှုတ်ထွက်ရမည်ဟု ပြောဆိုခဲ့ပြီး ယခုကိစ္စအတွက် အစိုးရအားပြစ်တင်ဝေဖန်ခဲ့ကြကြောင်းသိရသည်။

ဟားမတ်စ်တို့၏ Al – Aqsa Flood စစ်ဆင်ရေးအတွက် နေတန်ယာဟုနှင့်အစိုးရအား ဂျူးလူမျိုးငါးဦးတွင် လေးဦးကအပြစ်တင်ခဲ့ကြောင်း စစ်တမ်းများအရသိရသည်။

စစ်တမ်းဖြေဆိုသူများ၏ ၉၄ ရာခိုင်နှုန်းသည် အစ္စရေးအစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်မှုအားနည်းသည်ဟုဆိုကာ ပြစ်တင်ဝေဖန်နေကြခြင်းဖြစ်ပြီး ၇၅ ရာခိုင်နှုန်းကမူ ယခုကိစ္စသည်အစ္စရေးအစိုးရအပေါ်အများဆုံးတာဝန်ရှိသည်ဟုဆိုခဲ့သည်။

ဆက်လက်၍ ၅၂ ရာခိုင်နှုန်းသောစစ်တမ်းဖြေဆိုသူများကမူ ကာကွယ်ရေးဝန်ကြီးကိုသာအပြစ်ဖို့ကြပြီး ၎င်းအနေဖြင့် နှုတ်ထွက်စာတင်သင့်သည်ဟုလည်းဆိုခဲ့ကြသည်။

Source :WION


LEAVE A REPLY

Please enter your comment!
Please enter your name here