မကွေးမြို့ အဝေးပြေးယာဥ်ရပ်နားစခန်းအတွင်း တန်းလျားပေါ်၌ အမျိုးသမီးတစ်ဦး‌ေ သ ဆုံးနေ

0
231

မကွေးတိုင်း၊မကွေးမြို့၊အောင်ရတနာရပ်ကွက်ရှိ အဝေးပြေးခရီးသည်တင်ယာဥ်ရပ်နားစခန်းအတွင်းရှိ ခရီးသည်နားနေတန်းလျားပေါ်၌ အောက်တိုဘာ ၁၄ ရက်(ယနေ့)နံနက် ၉ နာရီခန့်က အမျိုးသမီးတစ်ဦးအား ‌ေ သဆုံးလျက်တွေ့ရှိခဲ့ရကြောင်း ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

“ခရီးသည်နားနေတဲ့ တန်းလျားပေါ်မှာ‌ေ သဆုံးနေတာ အိမ်ခြေမဲ့အမျိုးသမီးတစ်ယောက်ပါ အာဟာရပြတ်ပြီး‌ေ သ ဆုံးနေတဲ့အနေအထားပေါ့ ပြင်ပဒဏ်ရာမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ အမျိုးသမီး၏ရုပ်အလောင်းအား ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှသယ်ယူ၍ မကွေးမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ပရဟိတမင်းခေါင်


LEAVE A REPLY

Please enter your comment!
Please enter your name here