ယူကရိန်း၌အသုံးပြုရန်အတွက် မြောက်ကိုရီးယားက ရုရှားထံလက်နက်များပေးပို့ခဲ့ဟုအိမ်ဖြူတော်ဆို

0
258

ဝါရှင်တန်၊အောက်တိုဘာ ၁၃

မြောက်ကိုရီးယားသည် ယူကရိန်း၌အသုံးပြုရန်အတွက် မကြာသေးမီအချိန်များအတွင်းက ရုရှားနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများနှင့်ခဲယမ်းများပါဝင်သည့် ကွန်တိန်နာ ၁,၀၀၀ ကျော်ကိုပို့ဆောင်ခဲ့ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၁၃ ရက်တွင်ပြောကြားခဲ့သည်။

အမေရိကန်၏ယခုကြေငြာချက်သည် မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်း၏ ရုရှားခရီးစဉ်အပြီး တစ်လအကြာတွင်ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

“ယူကရိန်းမြို့တွေကိုတိုက်ခိုက်ဖို့၊ယူကရိန်းပြည်သူတွေကိုသ-တ်ဖို့နဲ့ ရုရှားရဲ့တရားမဝင်တဲ့စစ်ကိုကူညီဖို့ လက်နက်ထောက်ပံ့ပေးခဲ့တဲ့မြောက်ကိုရီးယားကို ကျွန်တော်တို့အပြင်းအထန်ရှုံ့ချပါတယ်” ဟု အိမ်ဖြူတော်အမျိုးသားလုံခြုံရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကဆိုခဲ့သည်။

“ရုရှားကို မြောက်ကိုရီးယားက နောက်ထပ်လက်နက်တင်ပို့မှုလုပ်မလုပ်ကျွန်တော်တို့စောင့်ကြည့်နေပါတယ်၊ ဒီပံ့ပိုးကူညီမှုရဲ့အပြန်အလှန်အ‌နေနဲ့ ပြုံယမ်းဟာ တိုက်လေယာဉ်တွေ၊မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တွေ၊သံချပ်ကာယာဉ်တွေနဲ့ ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်တဲ့ကိရိယာနဲ့တခြားပစ္စည်း‌တွေ၊တခြားအဆင့်မြင့်နည်းပညာတွေ အပါအဝင် ရုရှားဆီကစစ်ရေးအကူအညီကိုရယူနေတယ်လို့သိရပါတယ်” ဟုလည်းဆိုခဲ့သည်။

သို့သော် မော်စကိုကမူ မြောက်ကိုရီးယားခေါင်းဆောင်၏ ရုရှားခရီးစဉ်အတွင်း မည်သည့်သဘောတူညီချက်မှလက်မှတ်မထိုးခဲ့ဟုဆိုခဲ့သည်။

Source : အေအက်ဖ်ပီ/အင်န်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here