မီနီဘတ်ဂျက် ခြောက်လအတွင်း နိုင်ငံခြားကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော်ရရှိထား

0
218

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမမီနီဘတ်ဂျက်ခြောက်လအတွင်း နိုင်ငံခြားကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉၈ ဘီလီယံ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်ဖြစ်သည့်ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၈ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုမှ  အမေရိကန်ဒေါ်လာ ၈ ဒသမ ၄ ဘီလီယံကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။

အလားတူ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉၈ ဘီလီယံကျော်ရရှိခဲ့သည့်အတွက် နှိုင်းယှဉ်ပါက နိုင်ငံခြားကုန်သွယ်မှု အနည်းငယ် ကျဆင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ ၄ ဒသမ ၈၃ ဘီလီယံကျော်ဖြင့် ပို့ကုန်ဝင်ငွေအများဆုံးရရှိထားပြီး လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇ ဘီလီယံဖြင့် ဒုတိယအများဆုံးရရှိထားကြောင်း သိရသည်။

ထို့ပြင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂၄ ဘီလီယံကျော်ရှိပြီး နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ၇၃ ဘီလီယံရှိကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏကို ကန်ဒေါ်လာ ‌‌ဒေါ်လာ ၃၂ ဒသမ ၅ ဘီလျံအထိရရှိရန် မျှော်မှန်းထားကြောင်း၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်း ခြေငွေစာရင်းဆိုင်ရာအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here