မိုင်းဖုန်းဆရာတော်ကြီး မိုင်းပျဥ်းဗလီနှင့်မိုင်းပုအွန်ဗလီတို့သို့ကြွရောက်၍ အလှူငွေများပေးအပ်

0
172

မိုင်းဖုန်းဆရာတော်ကြီးသည် အောက်တိုဘာ ၁၄ ရက်က မိုင်းပျဥ်းမြို့နယ်ရှိ မိုင်းပျဥ်းဗလီနှင့်မိုင်းပုအွန်ဗလီတို့သို့ကြွရောက်၍ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်ကြီးသည် ယမန်နေ့ညနေ ၅ နာရီက မိုင်းပျဥ်းမြို့၊အောက်စျေးတန်းရပ်၊ပုလဲလမ်းရှိ မိုင်းပျဥ်းဗလီသို့ကြွရောက်တော်မူလာခဲ့ပြီးနောက် ဗလီကျောင်း၏လိုအပ်သည့် နေရာများတွင်အသုံးပြုနိုင်ရန် အလှူငွေ( ၅ )သိန်းကျပ်၊ရှေ့ဆောင်ဗလီဆရာအား အလှူငွေ ၁ သိန်းကျပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် မိုင်းဖုန်းဆရာတော်ကြီးသည် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင်လည်း မိုင်းပျဥ်းမြို့နယ်၊မိုင်းပုအွန်ကျေးရွာအုပ်စု၊ဝမ်ပျက်ကျေးရွာရှိ မိုင်းပုအွန်ဗလီသို့ ပဥ္စမအကြိမ်မြောက်အဖြစ်ကြွရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကြွရောက်တော်မူပြီးနောက် ဗလီကျောင်း ၏လိုအပ်သည့်နေရာများ၌အသုံးပြုရန် အလှူငွေကျပ် ၁၀ သိန်းအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here