ဆောက်လုပ်ဆဲ မင်းရွာအကျဥ်းထောင်၌ Drop Bomb ပေါက်ကွဲမှုဖြစ်ပွား

0
233

မွန်ပြည်နယ်၊မော်လမြိုင်-ကျိုက်မရောသွားကားလမ်းဘေးတွင် ဆောက်လုပ်ဆဲဖြစ်သည့် မင်းရွာအကျဥ်းထောင်၌ အောက်တိုဘာ ၁၄ ရက်နံနက်ပိုင်းက Drop Bomb ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့နံနက် ၁၁ နာရီခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် Drone ယာဥ်အသုံးပြုကာ မော်လမြိုင်-ကျိုက်မရောသွားကားလမ်းဘေး၌ ဆောက်လုပ်ဆဲဖြစ်သည့် မင်းရွာအကျဉ်းထောင်အား Drop Bomb ၃ လုံးဖြင့်ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Drop Bomb များသည် ဆောက်လုပ်ဆဲ အကျဉ်းထောင်ဗဟိုကင်းအနီးရှိ အနောက်ဘက်မြေကွက်လပ်တွင် ၁ လုံး၊ ၃ ထပ်ဗဟိုကင်းအမိုးပေါ်မှန်လုံခန်းတွင် ၂ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် လူထိခိုက်‌ေ သ ဆုံးမှုမရှိခဲ့ဘဲ မှန်လုံခန်း၏ဘေးပတ်လည်ရှိ မှန်အကြီး ၃ ချပ်နှင့်အပေါ်မျက်နှာကြပ် ၁ ချပ်တို့ပျက်စီးဆုံးရှုံးခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here