ပေါင်မြို့နယ်တွင် သစ်ပါးလွှာများတင်လာသည့်တွဲကား အရှိန်မထိန်းနိုင်ဘဲတစ်ဖက်ယာဥ်‌ကြောရောက်ရှိတိမ်းမှောက် ဆိုင်ကယ်တစ်စီးပိမိ၍ ဆိုင်ကယ်မောင်းသူ‌ေ သ ဆုံးခဲ့

0
191

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ဖြူဘကျေးရွာတွင် အောက်တိုဘာ ၁၄ ရက် နေ့လည် ၃ နာရီ ၄၅ မိနစ်ခန့်က သစ်ပါးလွှာများတင်လာသောတွဲကားသည် ရန်ကုန်-မော်လမြိုင်သွားကားလမ်းမကြီးအတိုင်းမောင်းနှင်လာစဥ် ဖြူဘကျေးရွာရှိ မိုင်တိုင်အမှတ် ၁၆၃/၃ အနီးအရောက် အရှိန်မထိန်းနိုင်ဘဲတစ်ဖက်ယာဥ်ကြောသို့ရောက်ရှိကာ ဆိုင်ကယ် ၂ စီး၊ဘေးတွဲဆိုင်ကယ် ၁ စီးနှင့်လမ်းဘေးရှိ အဆောက်အဦးတစ်ခုတို့အား ဝင်တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ တိမ်းမှောက်စဥ် ဆိုင်ကယ်တစ်စီးမှာ တွဲကားအောက်၌ပိမိသွားခဲ့သဖြင့် ဆိုင်ကယ်မောင်းနှင်လာသည့် ဇင်းကျိုက်မြို့၊ခလောင်းရပ်ကွက်နေအမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ ၍ အခင်းဖြစ်နေရာတွင် ‌ေ သ ဆုံးသွားခဲ့ကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာရတဲ့လူတွေလည်းရှိတယ် မစိုးရိမ်ရပါဘူး မြေပြင်ကုသပေးတာလောက်ပဲလုပ်ပေးခဲ့ရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ‌ေ သ ဆုံးသူ၏ရုပ်အလောင်းအား လူမှုကူညီရေးအသင်းဝင်များက တွဲကားအောက်မှသယ်ထုတ်၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ပျက်စီးမှုများအား ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here