​ရေစကြိုတွင် လက်နက်များ ​ဆက်တိုက် သိမ်းဆည်းရမိ

0
212

အောက်တိုဘာ ၁၄ ရက် (ယမန်နေ့)နံနက်ပိုင်းက လုံခြုံရေးအဖွဲ့ဝင်များသည် ရေစကြိုမြို့နယ်၊နန်းဦးကျေးရွာရှိ အ.ထ.က ကျောင်းအတွင်း၌ လက်နက်ကိုင်အဖွဲ့ဝင်များခိုအောင်းနေထိုင်ကာ လက်နက်/ခဲယမ်းများသိုဝှက်ထားကြောင်းသတင်းအရ ဝင်ရောက်ရှာဖွေရှင်းလင်းမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ ရှင်းလင်းရာ အ.ထ.က ကျောင်းအတွင်း၌ လက်နက်ကိုင်အဖွဲ့ဝင်များသိုဝှက်ထားသည့် လက်လုပ်‌ေ သ-နတ်အရှည် ၂၁ လက်၊လက်လုပ်‌ေ သ-နတ်အတို ၁ လက်၊လက်လုပ်အာပီဂျီ ၃ လက်၊လက်လုပ်စိန်ပြောင်း ၁၇ လက်နှင့်ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ (၁၃) ရက် နံနက်ပိုင်းကလည်းရေစကြိုမြို့နယ်၊ ဘုန်းတော်ပြည့်ကျေးရွာရှိ အခြေခံပညာ စာသင်ကျောင်းတစ်ကျောင်းအတွင်းမှ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့​ကြောင်းထုတ်ပြန်ထားသည်။

သိမ်းဆည်းရမိခဲ့သည့် လက်နက်နှင့်ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here