ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွား

0
158

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုက်ကားကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် အောက်တိုဘာ ၁၅ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ် အချိန်ခန့်က ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

ကျိုက်ထိုမြို့နယ်၊ ဘိုက်ကားကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်မှု သတင်းအရ ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ကူညီကယ်ဆယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်ကို မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ကျိုက်ထိုမြို့နယ်မီးသတ်စခန်း တာဝန်ရှိသူများမှ အအေးပေးခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here