ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၇ ဦးဖမ်းဆီးခံရ

0
280

ထိုင်းနိုင်ငံ၊စံခလဘူရီမြို့တွင် အောက်တိုဘာ ၁၂ ရက်ညပိုင်းက ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ည ၉ နာရီခန့်က စံခလဘူရီမြို့၊နောင်လူကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် မောင်းနှင်လာသည့် ပစ်ကပ်ကား ၂ စီးအားစစ်ဆေးရန် တာဝန်ရှိသူများကရပ်တန့်စေခဲ့ရာ တစ်စီးမှစစ်ဆေးရေးဂိတ်အားပိတ်၍ရပ်ခဲ့ပြီး အခြား ပစ်ကပ်ကားတစ်စီးမှာ စစ်ဆေးရေးဂိတ်အနီးရှိ လမ်းသွယ်ထဲသို့ချိုးကွေ့ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တာဝန်ရှိသူများမှထွက်ပြေးသွားသည့်ကားအား ဖမ်းဆီးရန်ပြုလုပ်စဥ် စစ်ဆေးရေးဂိတ်အားပိတ်၍ရပ်ထားသည့် ပစ်ကပ်ကားမှာလည်း မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် မောင်းနှင်ထွက်ပြေးသွားသည့်ကားများအား တာဝန်ရှိသူများကလိုက်လံဖမ်းဆီးခဲ့ကြသည်။

ထိုသို့ လိုက်လံဖမ်းဆီးရာ နောင်လူကျေးရွာရှိ လမ်းဘေးအမှောင်ထဲတွင်ရပ်ထားသည့် ပစ်ကပ်ကားတစ်စီးကိုတွေ့ရှိရသဖြင့်စစ်ဆေးရာ ကားမောင်းသူ ထိုင်းနိုင်ငံသားမှာထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ကားပေါ်၌ ထိုင်းနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၆ ဦးနှင့်အမျိုးသမီး ၁ ဦး(စုစုပေါင်း ၁၇ ဦး)တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြပြီး ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသားကားမောင်းသူ ၂ ဦးကိုလည်း ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here