စစ်တောင်းမြစ်ရေသည် တောင်ငူမြို့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေရာ မြစ်ကမ်းအနီး၊ မြေနိမ့်ပိုင်း နေထိုင်သူများ သတိပြုနေထိုင်ကြရန် မိုး/ဇလ ထုတ်ပြန်

0
213

စစ်တောင်းမြစ်ရေမှာ တောင်ငူမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေရာ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ နံနက်ပိုင်း သတင်းထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေကြောင်း မိုး/ဇလထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ၂ လက်မခန့် မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ် အကျော်ကို ရောက်ရှိလာမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

ထို့အပြင် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ် အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေကြောင်း မိုး/ဇလက ထုတ်ပြန်သည်။

ယနေ့ညနေအထိ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here