ရန်ကုန်-မန္တလေး အမြန်ရထားများ ပြန်လည်ပြေးဆွဲနေပြီဖြစ်

0
188

အောက်တိုဘာ ၁၄ ရက်မှစတင်ပြီး ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်များကို ပြန်လည်ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ပဲခူးတိုင်းဒေသကြီးတွင် စံချိန်တင်ရေနစ်မြုပ်ခဲ့မှုကြောင့် အောက်တိုဘာ ၈ ရက်မှစပြီး ရန်ကုန်-မန္တလေး အမြန်ရထားခရီးစဉ်များကို ယာယီရပ်နားခဲ့ခြင်းဖြစ်သည်။

“မနေ့ကတည်းက ပြန်ပြီးဆွဲပေးနေတာ။ မော်လမြိုင်ရထားလည်း ဒီနေ့စပြီး ပြေးဆွဲနေပြီ။ ပုံမှန်အတိုင်းပြန်ပြီးပြေးဆွဲပေးသွားမယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်-မန္တလေး အမြန်ရထားဖြစ်သည့် အမှတ် ၃ အဆန်၊ အမှတ် ၅ အဆန်နှင့် မန္တလေး-ရန်ကုန် အမြန်ရထားဖြစ်သည့် အမှတ် ၄ အစုန်၊ အမှတ် ၆ အစုန် ရထားများကို အောက်တိုဘာ ၁၄ ရက်ကစပြီး ပြန်လည်ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင်ရေကြီးရေလျှံမှုကြောင့် ယာယီရပ်နားထားရသည့် အမှတ် ၈၁ အဆန်၊ အမှတ် ၈၂ အစုန် ရန်ကုန်-မော်လမြိုင် အမြန်ရထားကိုလည်း ယနေ့တွင် ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here