NCA နှင့်ပတ်သက်၍ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၏အပြော

0
9029

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည် တိုင်းပြည် ငြိမ်းချမ်းရေးအတွက်ရှေ့ပြေး ခြေလှမ်းတစ်ခုဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်းက ပြောသည်။

ယနေ့ အောက်တိုဘာ (၁၅) ရက် နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့် NCA (၈)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်လာစဉ် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ငြိမ်းချမ်းရေးရဖို့အတွက် ရှေ့ပြေး ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ဒီလိုပဲ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

သူရဦးရွှေမန်းသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ ၊ တပ်မတော်တို့ အကြား NCA စာချုပ်လက်မှတ်ရေးထိုးစဉ်ကာလဖြစ်သည့် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူခဲ့သူဖြစ်သည်။

ယနေ့ ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ နစက ဒုတိယ ဥက္ကဋ္ဌ ၊ တပ်မတော် ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် နစကအဖွဲ့ဝင်များ၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ ၊ ပြည်ထောင်စုဝန်ကြီးများ ၊ နိုင်ငံတကာ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ယခင် ဥက္ကဋ္ဌ ဦးသန်းဌေး ၊ လက်ရှိပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ယခင်ဒုသမ္မတများ၊ မြန်မာငြိမ်းချမ်းရေးစင်တာ ယခင်ဥက္ကဋ္ဌဦးအောင်မင်း ၊ယခင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ တာဝန်ရှိသူများလည်း တက်ရောက်လာသည်ကို တွေ့ရသည်။

သို့သော် သမ္မတ(ငြိမ်း) ဦးသိန်းစိန်ကို ယနေ့ ကျင်းပသည့် NCA(၈) နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်လာသည်ကို မတွေ့ရှိရပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here