ဆီးရီးယားရှိ အလက်ပိုလေဆိပ်ကို အစ္စရေးက တိုက်ခိုက်

0
217

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ အလက်ပို အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အစ္စရေးစစ်တပ်က ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း Sky News Arabia ရုပ်မြင်သံကြားလိုင်းက ဖော်ပြခဲ့သည်။

‌ေ သ ဆုံးသူများနှင့်ပတ်သက်၍ အစီရင်ခံစာ မရရှိသေးကြောင်း တီဗီချန်နယ်က ပြောကြားခဲ့သည်။ လေယာဉ် ပြေးလမ်းလည်း ပျက်စီးသွားကြောင်း ယင်းသတင်းကဆိုထားသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က မည်သည့်မှတ်ချက်မျှ မပေးသေးချေ။

အလက်ပို အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ယခင်အစ္စရေးတိုက်ခိုက်မှုများအပြီး နှစ်ရက်မပြည့်မီဖြစ်သည့် အောက်တိုဘာ ၁၄ ရက် နံနက်တွင် ပြန်လည်လည်ပတ်ခဲ့ပြီး ယခုအခါ ထပ်မံတိုက်ခိုက်ခြင်းခံရသည်ဟု Sky News Arabia သတင်းတွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here