ကိုဗစ်ကာလတွင် မကျင်းပနိုင်ခဲ့​သောNCA နှစ်ပတ်လည်ကို ယခင်နှစ်များထက် ပိုမိုထူးခြားစွာ ကျင်းပ​ခဲ့သည့် (၈) နှစ်ပြည့် NCA

0
257

ယနေ့နံနက်ကကျင်းပခဲ့သည့် NCA ၈ နှစ်ပြည့် အထိမ်းအမှတ်သို တက်ရောက်လာကြသည့် နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ သံတမန် (၃၂)ဦး၊ သံအမတ်ကြီး (၁၀)ဦး၊ သံရုံးယာယီတာဝန်ခံ (၇)ဦး၊ အခြားအဆင့်သံတမန်(၄)ဦး နှင့် UNOCHAမှ (၁)ဦးတိုတက် ရောက်ကြကြောင်း သိရသည်။

ထိုပြင် မြန်မာနိုင်ငံနှင့်နယ်နိမိတ်ထိစပ်နေသော အိမ်နီးချင်းများဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း နိုင်ငံတို့မှလည်း တက်ရောက်ခဲ့ကြသည်ကို​တွေ့ရသည်။

ထိုင်းနိုင်ငံခြားရေးရာဝန်ကြီးဌာန H.E Mr.Apichart Chinwanno ကိုယ်စားတက်ရောက်သူ (၄)ဦး၊
အိန္ဒိယသမ္မတနိုင်ငံမှ နိုင်ငံတော်လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်
H.E Shri Ajit Kumar Doval ကိုယ်စားတက်ရောက်သူ(၂)ဦး၊
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊အာရှရေးရာအထူးကိုယ်စားလှယ်တိန်ရှိကျွမ်းနှင့်အတူ(၄)ဦး တို့တက် ရောက်ခဲ့ကြသည်။

NCA ကို  ဖော် ဆောင်ခဲ့ကြသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လက်ထက်မှ အစိုးရနှင့် လွတ်တော် ထိပ်ပိုင်းပုဂ္ဂိုလ်များကိုလည်း စုံစုံညီညီ ပြန်လည်မြင်တွေ့ခဲ့ကြရသည်။

NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့ကြသည့် အသိသက်သေများ၊ NCA ညှိနှိင်းဆွေးနွေးစဉ်က ပါဝင်ခဲ့ကြသည့်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ(UPCC)နှင့် ပြည်ထောင် စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)တိုမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အဖွဲဝင်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)မှ တာဝန်ရှိသူများ၊ ပါတီ ခေါင်းဆောင်များ၊ NCA လက်မှတ်ရေးထိုးသူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများမှ ၄၃ ဦး၊နိုင်ငံရေးပါတီများမှ ၃၅ ဦးနှင့် NGO/INGO တို့မှ ၁၁ ဦး တက်ရောက်ကြကြောင်း သိရသည်။

NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊လွှတ်တော်၊တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ ၈ ဖွဲတိုက ကုလသမ ဂ္ဂအပါအဝင် နိုင်ငံတကာသံတမန်များနှင့်အသိသက်သေများ၊ပြည်တွင်းအသိသက်သေများရှေ့ မှောက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီနှင့်လားဟူဒီမိုကရက်တစ်အစည်းအရုံးတိုမှ ထပ်မံပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။

NCA စာချုပ်လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည် နေ့များကို ၄ နှစ်ဆက်တိုက်ကျင်းပနိုင်ခဲ့ပြီး ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် (၅) နှစ်မြောက် နှစ်ပတ်လည်နေ့၌ အခမ်းအနားကျင်းပနိုင်ခဲ့မှုမရှိသော်လည်း သဝဏ်လွှာများအ ပြန်အလှန်ပေးပို၍ နှစ်ပတ်လည်နေ့ကိုဂုဏ်ပြုခဲ့ကြပြီး ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် နှစ်ပတ်လည်နေ့များကိုပြန်လည်ကျင်းပခဲ့ကာ ယနေ့ကျရောက်သည့် (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို ခမ်းနားစွာကျင်းပနိုင်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here