NCA အခမ်းအနားတွင်ဖျော်ဖြေခဲ့ကြသည့်ယဥ်ကျေးမှုအဖွဲ့များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညို

0
235

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသ ဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းက နေပြည်တော် ၌ကျင်းပစဥ် ဖျော်ဖြေခဲ့ကြသည့်အကအဖွဲ့များ မွန်းလွဲပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ယဉ်ကျေးမှုအကအဖွဲ့နှင့်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီးနောက် ရင်ပြင်တော်ပတ်လည်ရှိ စကျင်ကျောက်များဖြင့် အနုပညာလက်ရာကွဲပြားစွာတည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက် ၂၄ ဆောင်တို့ကို ကြည့်ရှုလေ့လာခဲ့ကြသည်။

ထို့ပြင် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊အဋ္ဌ ကထာဋီကာကျမ်းစာများကို စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့်ထွင်းထုထည့်သွင်းတည်ဆောက်ထားသည့် ကျောက်စာရုံစေတီတော်များ၊မုစလိန္ဒကန်နှင့်နဂါးရုံဘုရားတို့ကိုလည်း ဖူးမြော်လေ့လာခဲ့ကြသည်။

ထို့နောက် ညပိုင်းတွင် နစက ဥက္ကဋ္ဌမှ ယဉ်ကျေးမှုအကအဖွဲ့နှင့်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြုသည့်အနေဖြင့် Hotel Max တွင်စီစဉ်ချီးမြှင့်ဆောင်ရွက်ပေးသည့် ညစာစားပွဲသို့တက်ရောက်ခဲ့ကြသည်။

ဂုဏ်ပြုညစာစားပွဲသို့ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်၊တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒု-ဝန်ကြီးများနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအ နားတွင်ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ယဉ်ကျေးမှုအကအဖွဲ့နှင့်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအ ကအဖွဲ့များတွင် ပြန်ကြားရေးဝန်ကြီးဌာန၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန၊အနုပညာဦးစီးဌာနတို့မှ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၊ကချင်ပြည်နယ်၊က ယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များက ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here