ပုဂံရှိဟိုတယ်များအားလုံး သီတင်းကျွတ်ပိတ်ရက်အတွက် အခန်းများပြည့်နေပြီဖြစ်

0
137

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိ ဟိုတယ်များအားလုံး သီ တင်းကျွတ်ပိတ်ရက်အတွက် ကြိုတင်မှာယူထားသူများရှိ၍ အခန်းများအားလုံးပြည့်နေပြီဖြစ် ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာ န(ပုဂံရုံးခွဲ)မှ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ ဟို တယ်(၈၁)လုံးရှိကာ မိုတယ်နှင့်တည်းခိုခန်းများလည်းရှိပြီး ၎င်းတို့အားလုံးတွင် သီတင်းကျွတ်ရုံးပိတ်ရက်အတွက် ကြိုတင်မှာယူထားသူများရှိသဖြင့် အခန်းများအားလုံးပြည့်နေခြင်းဖြစ် ကြောင်း သိရသည်။

“ဒီရက်ထဲမှာတော့ အခန်းတွေလွတ်သေးတယ် သီတင်းကျွတ်ပိတ်ရက် အောက်တိုဘာ၂၇ ရက်နေ့ကစပြီး အောက်တိုဘာ ၂၉ ရက်အထိကို ကြို တင် Booking တင်ထားတဲ့လူတွေရှိတဲ့အတွက် အဲဒီနေ့ကစပြီး အခန်းတွေအကုန် လုံးပြည့်နေပြီ အနယ်နယ်အရပ်ရပ်ကဖုန်းဆက်ပြီး Booking တင်ထားတဲ့လူတွေပါ”ဟု ဟိုတယ်ဝန်ထမ်းတစ်ဦးကပြောသည်။

သီတင်းကျွတ်ပိတ်ရက်အတွင်း ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ လာရောက်ဘုရားဖူးလည်ပတ်သူ တစ်ရက်လျင် လူဦးရေ ၁၅၀၀၀၀ ခန့်အထိလာရောက်လေ့ရှိကြောင်း သိရသည်။

လာရောက်သူများသည် ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရားများကိုဖူးမြှော်ခြင်း၊နံရံဆေးရေးပန်းချီများလေ့ လာခြင်း၊အလှဓာတ်ပုံရိုက်ကူးခြင်း၊လက်ဆွဲပန်း ချီဆွဲခြင်း၊မြင်းလှည်းစီးခြင်း၊ E-Bike အဖွဲ့လိုက်ငှားစီးခြင်း၊ ပုဂံဒေသ၏အထင်ကရဖြစ်သည့် နေ ဝင်ချိန်အားစောင့်ခြင်းတို့ကို ပြုလုပ်ကြကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်(၁၉)ရောဂါကြောင့် ပျံသန်းမှုများရပ်တန့်ထားခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှုခင်းများအား ဝေဟင်မှကြည့်ရှုခံစားနိုင်မည့် Balloons များကိုလည်း အောက်တိုဘာ ၇ ရက်မှစတင်၍ ပြန်လည်ပျံသန်းပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here