မြန်မာ-ထိုင်းနှစ်နိုင်ငံကြား ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချောမွေ့စေရေးဆွေးနွေး

0
261

စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့်မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Mongkol Visitstump တို့မြန်မာ-ထိုင်းနှစ်နိုင်ငံကြား ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချောမွေ့စေရေးအတွက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံမှ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား အောက်တိုဘာ ၁၅ ရက်မွန်းလွဲ ၂ နာရီက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်မှုတိုးမြှင့်နိုင်ရေး၊နှစ်နိုင်ငံကြား ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချောမွေ့စေရေးနှင့်ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးမင်းမင်း၊ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here