သထုံမြို့တွင် စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသားတစ်ဦး ပေ ၅၀ ခန့်နက်သည့်ရေတွင်းထဲဆင်းရာမှ ရေန-စ်‌ေ သ-ဆုံးခဲ့

0
268

မွန်ပြည်နယ်၊သထုံမြို့၊လိပ်အင်းရပ်ကွက်တွင် အောက်တိုဘာ ၁၅ ရက် ညနေ ၅ နာရီကျော်ခန့်က သထုံမြို့၊လိပ်အင်းရပ်ကွက်၊ကုန်းပေါ်တန်းကျောင်းလမ်းရှိ နေအိမ်တစ်လုံး၏ ခြံဝင်းအတွင်း ပေ ၅၀ ခန့်နက်သည့် ရေတွင်းထဲသို့ စိတ်ကျန်းမာရေးချို့တဲ့နေသည့် အသက်(၄၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ဆင်းသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကယ်ဆယ်မှုများပြုလုပ်ရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အကြင်နာတွဲလက်လူမှုကူညီရေးအသင်းတို့မှသွားရောက်ရာ ရေထဲဆင်းသွားသည့်အမျိုးသားမှာ ‌ေ သ-ဆုံးလျက်တွေ့ရှိရသဖြင့် ရေတွင်းထဲမှသယ်ထုတ်ရန် ပြုလုပ်ခဲ့ကြကြောင်း အကြင်နာတွဲလက်လူမှုကူညီရေးအသင်းမှ သိရသည်။

“ရေတွင်းထဲဆင်းသွားတဲ့အမျိုးသားက အဲဒီအိမ်ကပါပဲ ရေတွင်းကလည်းခြံဝင်းထဲမှာပဲရှိတာ ကျွန်တော်တို့ရောက်တော့ အဲဒီအမျိုးသားက ‌ေ သ-ဆုံးနေပါပြီ Dead Body ကရေထဲမှာမြုပ်နေတာရယ် သယ်ထုတ်ဖို့လွယ်ကူအောင်ရယ်အတွက် ရေတွင်းထဲကရေတွေကိုစုတ်ထုတ်ခဲ့ရတယ် အချိန်အတော်ကြာအောင်စုတ်ထုတ် အောက်စီဂျင်ပေးတာတွေလုပ်ခဲ့ရတယ် အောက်ကိုဆင်းမဲ့ကယ်ဆယ်ရေးအဖွဲ့ဝင်ကိုလည်း အန္တရာယ်မဖြစ်အောင် လိုအပ်တာတွေလုပ်ပေးပြီးမှ သယ်ထုတ်ခဲ့ရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထို့ကြောင့် ည ၁၀ နာရီကျော်ခန့်တွင် ရုပ်အ-လောင်းအား ရေတွင်းထဲမှအပေါ်သို့ဆယ်တင်နိုင်ခဲ့ပြီးနောက် ပါရမီအခမဲ့နာရေးကူညီမူအသင်းမှ သထုံပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-အကြင်နာတွဲလက်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here