ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေသို့ နေ့ချင်းပြန် လာရောက်လည်ပတ်သူ (၉)လအတွင်း ၁ ဒသမ ၃ သ န်းရှိခဲ့

0
457

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ရှိ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉) လတာအတွင်း နေ့ချင်းပြန်လာရောက်ဘုရားဖူးလည်ပတ်သည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် (၁ ဒသမ ၃ သန်း)ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)မှ သိရသည်။

နေ့ချင်းပြန်လာရောက် လည်ပတ်သူများအပြင် ဟိုတယ်၊မိုတယ်နှင့် တည်းခိုခန်းများတွင် တည်းခိုနေထိုင်၍ လာရောက်ဘုရားဖူးလည်ပတ်သည့် ပြည်တွင်း/ပြည်ပမှ ခရီးသွားဧည့်သည်များမှာလည်း ၃၂၇၄၅၁ ဦးရှိခဲ့ကြောင်း သိရသည်။

“ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို လာရောက်လည်ပတ်တဲ့ ဘုရားဖူးဧည့်သည်က ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည် တစ်နေ့ကို ၁၅၀၀ ဦးခန့်ရှိပါတယ်။ ဒီနှစ်ကလာရောက်လည်ပတ်တာများတယ်။ ၉ လတာအတွင်းမှာ ပြည်ပခရီးသွားဧည့်သည် ၉၄၇၁ ဦးလာရောက်လည်ပတ်ခဲ့ပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် သီတင်းကျွတ် ပိတ်ရက်များနှင့် တန်ဆောင်မုန်းလပိတ်ရက်များတွင် မြန်မာပြည်အရပ်ရပ်မှ ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေသို့ လာရောက်ဘုရားဖူးလည်ပတ်သူများလည်း နှစ်စဉ်များပြားကြောင်း သိရသည်။

Photo-ဒီပါလင်း


LEAVE A REPLY

Please enter your comment!
Please enter your name here