MFF Futsal League II 2023 ခြေစစ်ပွဲစဉ်များကို အသင်းပေါင်း (၉) သင်းဖြင့် ကျင်းပသွားမည်

0
235

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီမှ ဦးစီးကျင်းပသည့် MFF Futsal League II 2023 အတွက် ခြေစစ်ပွဲစဉ်များကို အသင်းပေါင်း (၉) သင်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

MFF Futsal League II 2023 ခြေစစ်ပွဲစဉ်များကို အသင်းပေါင်း (၉) သင်းနှင့် အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်အထိ MFF Futsal Stadium တွင် အုပ်စု ၃ စုခွဲ့၍ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စု ပထမနှင့် ဒုတိယ အသင်းများ၊ အကောင်းဆုံး အုပ်စု တတိယ နှစ်သင်းတို့သည် MFF Futsal League II 2023 ပြိုင်ပွဲသို့ တက်ရောက်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

MFF Futsal League II Qualifier 2023 အုပ်စု (က) တွင် Seven FC, Noka FC, Black Cross အုပ်စု (ခ)တွင် SGF FC, Sun Far FC, City Dagon FC အုပ်စု (ဂ)တွင် Royal Yangon Group, Maryar FC, KKY FC တို့ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီသည် MFF Futsal Women Cup 2023 ပြိုင်ပွဲကို နိုဝင်ဘာ (၃) ရက်၊ MFF Futsal League (1) ပြိုင်ပွဲကို ဒီဇင်ဘာ ၂၄ ရက်၊ MFF Futsal Championship 2023 ပြိုင်ပွဲကို နိုဝင်ဘာ (၁၈)ရက်နှင့် MFF Futsal League (2) ပြိုင်ပွဲကို ဒီဇင်ဘာ (၂၄) တွင် စတင်ကျင်းပရန် စီစဥ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here