မော်လမြိုင်တွင် နေအိမ်တစ်လုံးပေါ်သို့ ညောင်ပင်ကျိုးကျမှုဖြစ်ပွား

0
363

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ညောင်ပင်ကျိုးကျခဲ့မှု ယနေ့ အောက်တိုဘာ (၁၆) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် (၁၁) နာရီ (၄၅) မိနစ်ခန့်က မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ တောင်ရိုးတန်းရပ်ရှိ နေအိမ်တစ်လုံးပေါ်သို့ ညောင်ပင်တစ်ပင်၏ အပင်တစ်ခြမ်းကျိုးကျကာ ပိမိသွားခဲ့သဖြင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြရကြောင်း သိရသည်။

ညောင်ပင်ကျိုးစဥ်၌ ယင်းနေအိမ်တွင် နေထိုင်သူများမှာ နေအိမ်အနောက်ဖက်သို့ ရောက်ရှိနေသဖြင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်‌ေ သ-ဆုံးမှုမရှိခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here