ဂါဇာကမ်းမြှောင်တောင်ပိုင်းတွင် ငါးနာရီကြာ အပစ်အခတ်ရပ်စဲရေး စတင်

0
323

ဂါဇာကမ်းမြှောင်တောင်ပိုင်းဒေသများတွင် ငါးနာရီကြာ အပစ်အခတ်ရပ်စဲရေးကို စတင်လိုက်ပြီဟု Al Arabiya ရုပ်သံလိုင်းက ဖော်ပြသည်။

အဆိုပါ အပစ်အခတ်ရပ်စဲမှု၏ ရည်မှန်းချက်မှာ ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန်နှင့် ပြည်ပနိုင်ငံသားများအား ဂါဇာမှ ထွက်ခွာခွင့်ပြုရန်ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးသည် ဒေသစံတော်ချိန် နံနက် ၉ နာရီ (၆း၀၀ GMT) တွင် စတင် အသက်ဝင်မည်ဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှုစင်္ကြံတည်ဆောက်ရန် ဂါဇာကမ်းမြောင်နှင့် အီဂျစ်နယ်စပ်ရှိ Rafah ဖြတ်သန်းရေးစခန်း၌ အကူအညီပေးနေသည့် ထရပ်ကားအစီးရေ အနည်းဆုံး ၁၀၀ ရှိကြောင်း Al Arabiya သတင်းဌာနက ဆိုသည်။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးစစ်တပ်က ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်းကိုလည်း ယင်းသတင်းဌာနက ထပ်လောင်းပြောကြားခဲ့သည်။

ဟားမတ်စ်တပ်ဖွဲ့များသည် အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြှောင်မှနေ၍ အစ္စရေးနိုင်ငံဖက်သို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ပြန်လည်မြင့်တက်လာခဲ့သည်။ ဂျေရုဆလင်တောင်ပေါ်ရှိ Al-Aqsa ဗလီအပေါ် အစ္စရေးအာဏာပိုင်များ၏ ပြုမူမှုကို တုံ့ပြန်သည့် လုပ်ရပ်အဖြစ် ပါလက်စတိုင်းတို့က ဆိုကြသည်။ အစ္စရေးက ဂါဇာကမ်းမြောင်ကို လုံးဝပိတ်ဆို့ထားကြောင်း ကြေညာပြီး ပါလက်စတိုင်းနယ်မြေအပြင် လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့သောနေရာများတွင်လည်း ပါလက်စတိုင်းတို့အပေါ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ လက်ရှိအချိန်အထိ သိရသော အချက်အလက်များအရ ပါလက်စတိုင်း ၂,၇၀၀ ကျော် ‌ေ သ-ဆုံးပြီး ၁၀,၈၀၀ ခန့် ဒဏ်ရာများ ရရှိခဲ့ကာ၊ အစ္စရေးဖက်မှ ‌ေ သ-ဆုံးသူ ၁,၅၀၀ ခန့်ရှိပြီး လူ ၄,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here