အစိုးရက သတ်မှတ်ပေးသည့် စားအုန်းဆီ ရည်ညွှန်းဈေး ထပ်မံကျဆင်းလာ

0
297

အစိုးရက အပတ်စဉ် ရည်ညွှန်းသတ်မှတ်ပေးနေသည့် စားအုန်းဆီရည်ညွှန်းဈေးနှုန်းမှာ ယခုတစ်ပတ်တွင် ထပ်မံကျဆင်းလာကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် အချက်အလက်အရ သိရသည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၏ ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုအရ သတ်မှတ်သည့် ယခုတစ်ပတ် အောက်တိုဘာ (၁၆) ရက်မှ အောက်တိုဘာ (၂၂) ရက်အထိ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာကို ၄၂၇၅ ကျပ် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အပတ်က စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသည့် ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးသည် တစ်ပိဿာ ၄၃၄၀ ကျပ်ဖြစ်ပြီး တစ်ပိဿာ ၆၅ ကျပ် ကျဆင်းခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်၌ စားအုန်းဆီကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here