အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခအရှိန်မြင့်လာနိုင်သည်ဟု ကန် နိုင်ငံတော်လုံခြုံရေးအကြံပေး သတိပေး

0
266

ဝါရှင်တန်၊အောက်တိုဘာ ၁၆

အစ္စရေးနှင့်ဟားမတ်စ်အဖွဲ့အကြားတိုက်ပွဲတွင် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အီရန်တို့ပါဝင်ပတ်သက်လာပြီး အရှေ့အလယ်ပိုင်းတစ်လျှောက် ပဋိပက္ခပိုကြီးမားလာနိုင်ကြောင်း အမေရိကန်အရာရှိများကသတိပေးပြောကြားခဲ့သည်။

တိုက်ပွဲဖြစ်ပေါ်နေသည့် ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးက ဝိုင်းပတ်ပိတ်ဆို့ထားမှုကြောင့် ဂါဇာ၌ပိတ်မိနေသည့် စစ်ဘေးရှောင်ပါလက်စတိုင်းပြည်သူများ အစားအစာ၊ရေနှင့်ယာယီနေထိုင်စရာများရရှိရန်လည်း ၎င်းတို့အနေဖြင့်ကြိုးစားနေသည်ဟုပြောကြားခဲ့သည်။

ပြီးခဲ့သည့်စနေက ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့က အစ္စရေးပိုင်နက်ထဲသို့ ဒုံးပျံအလုံး ၃,၀၀၀ ဖြင့်စတင်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၁,၄၀၀ ကျော်သေဆုံးခဲ့သည့်အပေါ်လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးကလေကြောင်းဖြင့်ပြန်လည် တိုက်ခိုက်ရာ ပါလက်စတိုင်းပြည်သူပေါင်း ၂,၂၀၀ ကျော်သေဆုံးခဲ့ပြီး လေးပုံတစ်ပုံသည်ကလေးငယ်များဖြစ်သည်ဟု ဟားမတ်စ်ကထုတ်ပြန်ခဲ့သည်။

ထို့ကြောင့်ပင်နှစ်ဖက်အခြေနေတင်းမာလာရာမှ တိုက်ပွဲများဖြစ်ပေါ်နေပြီး လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာက အစ္စရေးမြောက်ပိုင်းကိုတိုက်ခိုက်ကာ အီရန်လည်းပါဝင်ပတ်သက်လာပြီး အရှေ့အလယ်ပိုင်းတစ်လျှောက် စစ်မီးတောက်လောင်လာမည်ကိုစိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံတော်လုံခြုံရေးကောင်စီအကြံပေး ဂျိတ်ခ်ဆူလဗန်နှင့်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီတို့ကပြောကြားခဲ့သည်။

ဆက်လက်၍ မစ္စတာဆူလဗန်က ၎င်းတို့အနေဖြင့် ယူကရိန်းနှင့်အစ္စရေးအတွက် အ မေရိ ကန်ဒေါ်လာ ၂ ဘီလျံတန်ဖိုးရှိ လက်နက်များပေးပို့ရေးအတွက်လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here