စစ်ကိုင်းတိုင်းအတွင်းရှိ စာသင်ကျောင်းတစ် ကျောင်းတွင် သိုဝှက်ထားသည့် လက် နက်/ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိ

0
187

စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်များရှိ အခြေခံ ပညာစာသင်ကျောင်းများအတွင်းနှင့် ဘုန်းတော်ကြီး ကျောင်းများ၊အခြား အဆောက်အဦးများထဲတွင် သိုဝှက်ထားသည့် လက်နက်/ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို လုံခြုံရေးအဖွဲ့ဝင်များမှ ဆက်တိုက်သိမ်းဆည်းရမိလျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ (၁၅) ရက်နံနက် (၁၀) နာရီခန့်ကလည်း လုံခြုံရေးအဖွဲ့ဝင်များမှ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ကျေးရွာရှိ နေအိမ်တစ်လုံး၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်းနှင့် စာသင်ကျောင်းများအတွင်းသို့ သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြ ကြောင်းသည်။

ထိုသို့ စစ်ဆေးရာ လက်နက်ကိုင်အဖွဲ့ဝင်များ သိုဝှက်ထားသည့် လက်လုပ်သေနတ် (၁) လက်၊ လက် လုပ် Drop Bomb သီး (၁) လုံး၊ လက်လုပ်မိုင်းမျိုးစုံ (၁၈) လုံး၊ ဒီတိုနေတာ (၁၆၉) ချောင်း၊ ယမ်းမှုန့်(၃) ပိဿာခန့် (၁) ထုပ်၊ ကန့်မှုန့်(၅) ပိ ဿာခန့် (၁) ထုပ်၊ ယမ်းကြိုး (၂) ခွေ၊ ဝါယာကြိုး(နီ/နက်) (၃) ခွေ၊ ဓာတ်ခဲခြောက် (၇) လုံး၊ ကီးပတ်ဖုန်း (၄) လုံး၊ အိုင်ကွန် (၁)လုံး၊ ရီမုဆားကစ်ပြား (၂) ခု၊ သံတိုသံစ (၁) ထုပ်၊ ခဲဂေါက် (၁) ချောင်း၊လက်ကိုင်ဟန်းစပီကာ (၁)လုံး၊ နဖူးစည်း (၂) ခု၊ ဆက်ကြေးကောက်ခံသည့် စာအုပ် (၁) အုပ်၊ ပုလဲဓာတ်မြေဩဇာ (၃) ပိဿာခန့် (၁) ထုပ်၊ ဘက်ထရီအိုး (၆) လုံး၊ နိုင်လွန်ကြိုး (၂)ခွေနှင့် လည်တိုဖိနပ် (၁) ရံတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here