ဒဂုံမြောက်ပိုင်းတွင် စိတ်ကြွဆေးပြားများ ရောင်းချသယ် ဆောင်သူ သက်ကြီးပိုင်းအမျိုးသား (၂) ဦးအားဖမ်းမိ

0
179

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် စိတ်ကြွ ဆေးပြား ၆၀၀၀၀ ပြားအားသယ်ဆောင်လာသူနှင့်ရောင်းချသူ သက်ကြီးပိုင်းအမျိုးသား (၂) ဦးအား အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မွန်းလွဲ (၃) နာရီခွဲခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့ နယ်၊ (၃၄)ရပ်ကွက်တွင် မြင့်ဝင်း (၆၂) နှစ်မောင်းနှင်လာသည့် MICRO BUS ကားအားတား ဆီးစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာ ကားပေါ်မှ စိတ်ကြွဆေးပြား ၆၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးရာ ညနေ (၄) နာရီ (၂၀) မိနစ်တွင် ယင်း စိတ်ကြွဆေးပြားများအားရောင်းချသူ ကျော်သိန်း(၇၃)နှစ်အား ၎င်းနေထိုင်သည့် ဒဂုံမြို့သစ်မြော က် ပိုင်း မြို့နယ်၊ (၃၉)ရပ်ကွက်ရှိ နေအိမ်တွင် ထပ်မံဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ (၂) ဦးအား ဒဂုံမြို့သစ် မြောက်ပိုင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here