ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုအား နစက ဥက္ကဋ္ဌနှင့်ဗိုလ်ချုပ်ကြီးယွက်စစ်တို့ဆွေးနွေး

0
225

၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီးရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုအား နစက ဥက္ကဋ္ဌနှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌမှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတက်ရောက်ခဲ့သည့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်အား အောက်တိုဘာ ၁၆ ရက်နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် ဒေသတွင်းနှင့်နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်ရာ၌ တွေ့ဆုံဆွေးနွေးမှုများဖြင့်ဆောင်ရွက်သွားရန်လိုအပ်မှု၊ နိုင်ငံတော် နှင့်တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်၌ ခိုင်မာစွာလျှောက်လှမ်းလျက်ရှိမှုတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးဆောင်ရွက်လျက်ရှိမှု၊ ယခုနှစ်တွင် စမ်းသပ် သန်းခေါင်စာရင်းကောက်ယူနေမှုနှင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူပြီးရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်သည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here