ဝဥများ ပြန်လည်ထွက်ပေါ် နေပြီဖြစ်သည့်အတွက် ဝဥစက်ရုံများ စတင်လည်ပတ်နေပြီဟုဆို

0
656

ပြီးခဲ့သည့် စက်တင်ဘာလမှစတင်ကာ ပြည်တွင်း၌ ဝဥများစတင်ထွက်ပေါ် နေပြီဖြစ်သည့်အတွက် ဝဥစက်ရုံများ ပြန် လည် လည်ပတ်လျက်ရှိကြောင်း သိရသည်။

ဝဥစတင်ထွက်ပေါ်ချိန် စက်တင်ဘာလဆန်းတွင် ဝဥအစိုတ စ်ပိဿာလျှင် စက်ရုံအရောက်ဈေးနှုန်းမှာ (၁၀၂၅) ကျပ်ခန့်ရှိပြီး ယခင်နှစ် ဝဥစတင်ထွက်ပေါ်ချိန်က (၆၀၀-၈၀၀) ကျပ်ရှိခဲ့သည့်အတွက် ယခုနှစ်တွင် ဈေးနှုန်းအနည်းငယ်မြင့်တက်လာလျှက်ရှိသည်။

မြန်မာနိုင်ငံတွင် ဝဥများကို ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန် ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အဓိက စိုက်ပျိုးကြသည်။

ဝဥအစိုများကို စက်ရုံများတွင် စက်ဖြင့် ရေဆေး၊ အခွံခွာ၊ ပါးပါးလှီး၍၊ အခြောက်ခံကာ ဝဥခြောက်အပြားများရရှိကြောင်း ဝဥအစို (၆.၇) ပိဿာလျှင် ဝဥအခြောက် (၁) ပိ ဿာရရှိပြီး ဝဥအခြောက်အပြားများကို ထုပ်ပိုး၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

ယခင်အချိန်က မန္တလေး-ချင်းရွှေဟော်- တရုတ်သို့ တင်ပို့ခဲ့သော်လည်း ယခုအခါ ရန်ကုန်မှတဆင့် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းဆိပ်ကမ်းသို့ တင်ပို့ကြောင်း ဝဥစက်ရုံလုပ်ငန်းရှင်များထံမှ သိရသည်။

ဝဥရာသီ ကုန်ဆုံးချိန်ဖြစ်သော ဇန်နဝါရီလမှ ဩဂုတ်လအ ထိ ဝဥစက်ရုံများ ရပ်နားထားပြီး လက်ရှိတွင် ဝဥများ ပြန်လည်ထွက်ပေါ်နေပြီဖြစ်သည့်အတွက် စက်ရုံများ ပြန်လည်လည်ပတ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here