အမြန်လမ်းတွင် ကုန်ကား တစ်စီး တိမ်းမှောက် ၁ ဦး ‌ေ-သဆုံး၊ ၁ ဦး ဒဏ်ရာရ

0
183

အမြန်လမ်းတွင် ကုန်ကား တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာ ၁ ဦး ‌ေ-သဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

အောက်တိုဘာ ၁၇ ရက် နံနက် ၁ နာရီခွဲ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၃/၂) နှင့် (၂၃/၃) ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဥ်တိမ်းမှောက်မှုဖြစ်စဉ်ကို ဘောနတ်ကြီး အမြန်လမ်းမီးသတ်မှ ရှာဖွေကယ်ဆယ်လုပ်ငန်းများ သွားရောက် လုပ်ဆောင်ရာ ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦးအနက် အမျိုးသား (၁)ဦး ‌ေ-သဆုံးပြီး အမျိုးသား (၁)ဦး ထိခိုက် ဒဏ်ရာ (မစိုးရိမ်ရ)ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၎င်းတို့အား အမြန်လမ်း ရဲတပ်ဖွဲ့ပိုင် ယာဉ်ဖြင့် ပဲခူးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ် အသေးစိတ်ကို မသိရသေးကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၂၃ ခုနှစ် ၉ လအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၁၀၀၀ ကျော် ‌ေ-သဆုံးခဲ့ရကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here