ပြည်ပဝယ်လက်များ၏ မှာယူမှုနည်းခြင်း၊ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းနှင့် တရားမဝင် ကုန်သွယ်မှုကြောင့် ပို့ကုန်တင်ပို့မှု လျော့နည်းခြင်းဖြစ်ဟုဆို

0
280

ပြည်ပနိုင်ငံများသို့ ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ နှမ်းမျိုးစုံ၊ ရာဘာ၊ ချုပ်ပြီးအထည်တို့မှာ ပို့ကုန်တင်ပို့မှု အနည်းငယ်လျော့နည်းခဲ့ခြင်းသည် ပြည်ပဝယ်လက်များ၏ မှာယူမှုနည်းခြင်း၊ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းနှင့် တရားမဝင် ကုန်သွယ်မှုကြောင့်ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကပြောကြားခဲ့သည်။

ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရန် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့် အခမ်းအနားတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အစည်းအဝေးတွင် “လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်တိုးမြှင့်ရေးအတွက် ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ဆန်၊ ပဲအမျိုးမျိုး အပါအဝင် အခြားသော ပို့ကုန်ပစ္စည်းများကို ပို့ကုန်မြှင့်တင်ရေး လျာထားချက်ထက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ပို့ကုန်တင်ပို့ရာတွင်ပို့ကုန်လုပ်ငန်းရှင်များအတွက်ထိုက်သင့်သော အကျိုးရှိရန် လိုအပ်သလိုပြည်တွင်း စားသုံးမှု ဖူလုံရန်လည်းချိန်ဆ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ပို့ကုန်တင်ပို့မှုနှင့်စပ်လျဥ်း၍ အခက်အခဲများရှိလျှင်လည်း ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယ(၆)လပတ် အတွက် ပို့ကုန်ကို အမေရိကန်ဒေါ်လာ (၁၆ ဒသမ ၅) ဘီလီယံ၊ သွင်းကုန်ကို (၁၆) ဘီလီယံ ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၃၂ ဒသမ ၅)ဘီလီယံ လျာထားကြောင်း၊ သွင်းကုန်ထက် ပို့ကုန်ပမာဏ တိုးတက်စေလိုကြောင်း ပြောကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ (၆)လပတ် (ဧပြီလမှ စက်တင်ဘာ လအထိ) ပို့ကုန်တင်ပို့မှုသည် ၄၆ ရာခိုင်နှုန်း၊ သွင်းကုန်တင်သွင်းမှုသည် ၅၃ ရာခိုင်နှုန်းရှိခဲ့ပြီး ပို့ကုန်သည် သွင်းကုန်ထက် အနည်းငယ်လျော့နည်းလျက်ရှိပြီး၊ ယခင်ဘဏ္ဍာနှစ် ပထမ(၆)လပတ်ထက် နှိုင်းယှဉ်ကြည့်ပါက (၁) ဘီလီယံခန့် လျော့နည်းလျက် ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here