မြန်မာ – ထိုင်းနှစ်နိုင်ငံ တရားမဝင် နယ်စပ်ကုန်သွယ်မှု ထိန်းချုပ်ရန်ဆွေးနွေး

0
212

မြန်မာ – ထိုင်း နှစ်နိုင်ငံ တရားမဝင်နယ်စပ် ကုန်သွယ်မှုများကို ထိန်းချုပ်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အားအောက်တိုဘာ (၁၆)ရက် နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာ – ထိုင်းနှစ်နိုင်ငံ တရားမဝင်နယ်စပ်ကုန်သွယ်မှု ထိန်းချုပ်ရေး၊ ဓာတ်သတ္တုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here