ရန်ကင်းစင်တာ အပေါ်ထပ် (၃) လွှာတွင် မီးလောင်မှုဖြစ်ပွား

0
286

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၂)ရပ်ကွက်၊ ဆရာစံလမ်းရှိ ရန်ကင်းစင်တာ အပေါ်ထပ်တွင် ယနေ့ အောက်တိုဘာ (၁၇) ရက် ည ၆ နာရီခွဲဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သိရသလောက်ဆိုရင် ရန်ကင်းစင်တာအပေါ် ထပ် (၃) လွှာမှာရှိတဲ့ တိုက်ခန်းမှာလောင်တာလို့သိရတယ်။ မီးသတ်တွေကော လူမှုကူညီရေးအသင်းတွေကော ဝိုင်းငြိမ်းခဲ့ကြတာ။ ကျွန်တော်တို့က အနီးကပ်သွားကြည့်လို့မရတော့ ထိခိုက်ဒဏ်ရာရသူရှိလား/မရှိလားဆိုတာတော့မသိဘူး”ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

မီးလောင်မှုအား ရန်ကင်းမြို့နယ်မီးသတ်စခန်း၊ တာမွေမြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး ည ၆ နာရီ ၅၇ မိနစ်တွင် Level 1 အဆင့်တိုးမြှင့်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ည ၇ နာရီ ၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ထုတ်ပြန်ခဲ့ပြီး မီးစတင်လောင်ကျွမ်းရသည့်အ ကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတ န်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here