ငွေကျပ် (၄၅၀) သိန်းကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများအား လူငယ်တစ်ဦးနှင့်အတူ ဖမ်းမိရာမှ ဆက်စပ်၍ သက်ကြီးပိုင်းအမျိုးသားကြီးတစ်ဦးကိုပါ ထပ်မံဖမ်းမိခဲ့

0
138

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်တွင် အောက်တို ဘာ (၁၄) ရက်မွန်းလွဲပိုင်းက ငွေကျပ် (၄၅၀)သိန်းကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများအား လူငယ်တစ်ဦးနှင့်အတူဖမ်းမိရာမှဆက်စပ်၍ သက်ကြီးပိုင်းအမျိုးသားကြီးတစ်ဦးကိုပါ ထပ်မံဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့မွန်းလွဲ (၂) နာရီခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သ ည် မြောက်ဥက္ကလာပမြို့နယ်၊(ဈ) ရပ်ကွက်ရှိ သီရိရတနာယာဉ်ရပ်နားစခန်းဝင်းအတွင်း စိုင်းစွမ်းထက်ဗိုလ်(ခ)ရှမ်းလေး(၂၈)နှစ်အား ၎င်းသယ်လာသည့် စက္ကူဂျပ်ဖာအတွ င်းမှ ငွေကျပ် ၄၅၀ သိန်းကျော်တန်ဖိုးရှိ ကက်တမင်း(၁ ဒ သမ ၃၇၅ ကီလို)နှင့်(Happy Water) ၁၃၅ ဂရမ်တို့နှင့်အ တူ ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

၎င်းအား စစ်ဆေးချက်များအရ စိတ်ပြောင်းဆေးဝါးများနှင့်ဆက်စပ်သည့် ထွန်းထွန်းစိန်(၆၁)နှစ်အား မွန်းလွဲ (၃) နာရီခွဲ၌ တောင်ဥက္ကလာပမြို့နယ်၊(၁၂) ရပ်ကွက်၊ ဘရဏီ (၁)လမ်းရှိ နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ (၂) ဦးအား မြောက်ဥက္ကလာပမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေး လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here