ထိုင်းနိုင်ငံ၌ ရေကြီးရေလျှံ၍ ၅ ဦးသေ ၊ ဆက် လက် ၍ မိုးများနိုင်

0
163

ဘန်ကောက် ၊ အောက်တိုဘာ ၁၇

ထိုင်းနိုင်ငံမြောက်ပိုင်း၌ ယခုတစ်ပတ်အတွင်း ရေကြီးရေလျှံမှုကြောင့် လူ ၅ ဉီးသေဆုံးခဲ့ပြီး ဆက်လက် ၍ မိုး သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း အာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ထားသည်။

မုတ်သုန်ရာသီ စတင်သည့် စက်တင်ဘာလမှစ၍ ယခုချိန်ထိ ရေကြီးရေလျှံမှုကြောင့် ထိုင်းနိုင်ငံသား ၂၃ ဉီးသေဆုံးပြီး ၃၃ ဉီး ဒဏ်ရာရရှိခဲ့ ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းအာဏာပိုင်များက နိုင်ငံ၏ ပြည်နယ် ၃၂ ခုတွင် ရေကြီးရေလျှံမှုဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ထားပြီး ဘန်ကောက်မြို့နှင့် ဖူးခက်ကမ်းခြေတို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ ယခုနှစ် မိုးရာသီအတွင်း ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စုပေါင်း ၆၂,၀၀၀ အား ထိခိုက်စေခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် ဆရီသာ သာဗီဆင်သည်လည်း ရေကြီးရေလျှံမှုဖြစ်ပွားရာ ဒေသများသို့ သွားရောက်စစ်ဆေး ကြည့်ရှု ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၌ ၂၀၁၁ ခုနှစ်ကလည်း ရေကြီးရေလျှံမှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၅၀၀ ကျော်သေဆုံးကာ နိုင်ငံတစ်ဝန်း၌ အိမ်များ သန်းချီ ကာ ပျက်စီး ခဲ့ဖူးသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here